ZAR NI CAMERAMAN

Blog Post New Entry

ရောသမမွှေ အတွေးများ

Posted by zar ni aung on May 28, 2011 at 12:04 PM


             လွင့်ပါးနေတဲ့ မိုးစက်မှုန်တွေဟာ နွေရာသီမှာ အဲယားကွန်းဖွင့်ထားသလို ပါးပြင်ကိုလာရောက်ရိုက်ခတ်တယ်။

မိုးစက်တွေစီးမြောလို့ လွင့်ပြန်လာတဲ့ မြေသင်းရနံ့ ဟာ နှာသီးဖျားကိုတိုးဝင်လာခဲ့တယ်။

          ရေစိုနေတဲ့လှုပ်လီလှုပ်လဲ့ ကိုယ်လေးများဟာအမြင်အာရုံကို  မထိမ်း နိုင်ခဲ့ဘူး။  ဖုန်ကင်းစင်လို့

သန့်ရှင်းသွားတဲ့ သစ်ရွက်လေးတွေဟာ စိမ်းမြမြနဲ့ ဘယ်တိမ်းညာယိမ်းနေတာ ပျော်ရွင်စွာကနေတဲ့သင်္ကြန်ယိမ်း ကို

ကြည့်နေရသလိုပါဘဲ။ ပျော်ရွင်မှုဟာစိမ့်ဝင်လာခဲ့တယ်။ အရင်ကဆို မြေသင်းရနံ့ရရင် ကျောင်းသွားဖို့လွယ်အိတ်ပြင်ပြီး

ကျောင်းအတန်းသစ်တက်ဖို့ပြင်နေမှာပါ။

           အခုတော့လွန်းသလိုလို ဆွေးသလိုလို၊ အတွေးပိုနေမိပါတယ်။ ““အေးအိုအို နဲ့ တေးဆိုရမယ့် အရွယ်လည်း””

မဟုတ်တော့ ၊ ”ဂွေးတိုတိုနဲ့ ပြေးဆော့ရမယ့် အရွယ်လဲမဟုတ်””

          ခြံထဲကအပင်တွေ ရေရတန်ကောင်းပါရဲ့ ။ မနှစ်က ဒီအချိန် မေလထဲမှာ အပူများတော့ ရေတွင်းတွေရေခမ်းကုန်တယ်။

Categories: None

Post a Comment

Oops!

Oops, you forgot something.

Oops!

The words you entered did not match the given text. Please try again.

Already a member? Sign In

0 Comments

Categories

MYANMAR


ကြိုဆိုပါ၏


မြန်မာ့အလှ



အတွေး