|
* “ မေတ္တာ” ဆိုသည် ၊ ကမ်းရပြီကို
ကိုယ့်ဆီမခ ၊ ကိုယ်မရ၍
ကမ်းက မေတ္တာ ၊အရှုံးသာ ဟု
မေတ္တာ ကိုလျှင် အဆိုးမြင်၏။
* “ ဂရုဏာ ” ဆိုသည် ၊ပေးရပြီကို
မကြည်နွမ်းဆာ ၊ ကူးစက်ပါ၍
ကိုယ့်မှာပေးမျှ ၊ ကိုယ်နာရ ဟု
ဂရုဏာ ပင် အဆိုးမြင်၏ ။
* “ မုဒိတာ ” ဆိုသည် ၊စွန့်ရပြီကို
သူ့ဆီအောင်ပွဲ ၊ခြိမ့်ခြိမ့်သဲအား
မှီဝဲမရ ၊ကိုယ်နောက်ကျ ဟု
မုဒိတာပင် အဆိုးမြင်၏ ။
* “ ဥပက္ခာ ” ဆိုသည် ၊ထားရပြီကို
ဤမှာရှုံးနိုင်၊ မပေါ်နိုင်၍
အနိုင်မထွက် ၊ ကိုယ်သာခက်ဟု
ဥပက္ခာ ပင် အဆိုးမြင်၏။
* ဤဗြဟ္မစိုရ် ၊ စိတ်လေးထို ကို
အလိုမတူ ၊ဆိုးမြင်သူ က
လူတို့ခွါ လျှိုး ၊ထိုအကျိုးကို
အဆိုးထပ်၍ မြင်တကား ။
* ထိုသူကိုလျှင် ၊ အဆိုးမြင်သော်
သင်သာ အဆိုးဖြစ်တကား။
Categories: None
The words you entered did not match the given text. Please try again.
Oops!
Oops, you forgot something.