
27-3-2011 (SUNDAY) ဆိုဒ်စတင်ပါသည်။
|
|
comments (0)
|
ဆေးပေးမီးယူ

ညစ်ပေ စေထန်းတဲ့ည ၊ အနာက တစစ်စစ်ကိုက် လာတယ်။ ဒါဏ်ရာနဲ့ ထိထားတဲ့လက်ကို အခိုက်အတန့်
သက်သာရန်နေရာကုန်ရွှေ့ နေမိတယ် ။ ဖုန်းကနာရီကြည့်တော့ ည(၁)နာရီမှာ ပြနေတယ်။ ဆရာဝန်ပေး တဲ့ဆေး ရှိန်ပြေသွားပြီ။
လက်ကွဲဖေါ်ကလေးကတော့ဘေးမှာ အိပ်နေတာမသိရှာဘူး။ အိမ်ထောင်သက် (၁၂)နှစ်ပြည့်ခဲ့ပြီ၊ ဆေးပေးမီးယူလား ဘာကိုမှ ကျွန်တော့ဘ၀ထဲမှာ မရှိခဲ့ဘူး၊ တကယ်တော့ လိုချင်တဲ့သူက အတ္တမဟုတ်လား။
ဆေးသောက်ဖို့အထ အိပ်ခန်းမှာ ပြန့်ကျဲနေတဲ့ အ၀တ်တွေကို ခွကျော်ခဲ့တယ်။ သမီးကျောင်းစိမ်း အင်္ကျီအစိမ်းလေး၊ သားဘောင်းဘီတွေ၊ မိန်းမလဲ ထမီတွေအကွင်းလိုက် သိပ်တော့မထူးခြားတော့ဘူး။
ဆေးအိပ်ထဲက အိုင်ဗျူပရိုဖန် ၊အန်းပီး ကလောက်စ် ဘာမီတွန်၊ စီဗစ်တစ်လုံးစီ ထုတ်ပြီး ရေနှင့် မသောက်မီ ဆရာဝန်က အစာစားပြီးမှ သောက်ရန်မှာထားသော အသံကို ပြန်ကြားမိသည်။
အစာစားဖို့ အိမ်ရှေ့ထမင်းစားစာပွဲက အုပ်ဆောင်းကိုလှန်ကြည့်မိသည်။ ငပိရည်ကျဲပါ ချိုင့်ခွက်နှင့် တွေ့သည်။ ထမင်းပေါင်းအိုးကို ကြည့်တော့ အတွင်းကအိုးမတွေ့တော့ မီးဖိုချောင်တွင် ဆေးပြီးမှောက်ထားသော နှစ် လုံးချက်အိုးကလေးကိုတွေ့ရသည်။ (အဖေ) ယောက်ခထီး သူ့ဘာသာသူချက်စားရသော အိုးကလေး။
သမီးတို့ အလုပ်များသဖြင့် ဆိုင်မှာပင်ထမင်းဟင်း ချက်စားကြသည်ပြောပြီး ဟင်းကို အဖေ့အတွက် အိမ်ကိုချိုင့်ဖြင့်ပို့သည်။ အဖေသည် ချိုင့်မှဟင်းကို မလှယ်တော့ ချိုင့်ဖြင့်သာ ဖွင့်ပြီးစားရတော့သည်။ တစ်ခါတစ်လေ မနက်စာဟင်းဘဲပို့သည် ညစာဟင်း မအားလို့ မပို့တာဟု သမီးကပြောသည်။ အဖေ ခြေထောက်သိပ်မသန် မိုးတွင်းဘွက်များသဖြင့် အပြင်သိပ်အထွက်နိုင် ထိုညနေစာကို အိမ်ရှေ့နား ကုန်စုံဆိုင်မှာ ရရာ ပဲလှော်၊နှစ်ပြန်ကြော်၊ ကြက်ဥကြော်နဲ့ပဲ ညနေစာကိုပြီးခဲ့ရတာများလေပြီ။ဆေးကိုပစ်ထဲ့ပြီးရေကိုမော့သည်။
ခြောက်ကပ်နေသောလယ်ချောင်း မှ ရေနှင့်ဆေးသည် တော်တော်နှင့်မဆင်း ဘယ်အရာမှမပြေလည်သလို ခံစားရသည်။ အကိုက်ခဲပျောက်ဆေးမသောက်မိလက်မှဒါဏ်ရာပိုပြီး ကိုက်လာသည်။ အိပ်ခန်းရှိကုတင်သို့ ပြန်ခဲ့သည်။ မိန်းမနှင့်သားလေး အိပ်မောကျလျှက်။ ဝေဒနာသည်ဆေးထန်း လှသည်
လက်မှဒါဏ်ရာနာကို စူးဆိုက်ပြီးကြည့်တော့ တကယ်နာနေသည်မှာ လက်မှာမဟုတ်တော့ နှလုံးသားမှာဖြစ်နေသည်။. ကျွန်တော့်နှလုံးသားနာကျင်မှုများသည် လက်မှဒဏ်ရာ၏ နာကျင်မှုများကိုလွှမ်းသွားသည်။ ဆို့နင့်တစ်ဆို့ လာသော မွန်းကျပ်သည့်စိတ်နှင့် မိန်းမဘက်သို့လှည့်ကြည့်မိသည်။ သူတို့သားအမိကအိပ်ပျော်ဆဲပင်။
ဇာနည်အောင်
|
|
comments (0)
|
မြန်မာ ၊ ကမ္ဘာမှာ အစဉ်လာနဲ့
တွန်းလှန်လို့ ၊ ဂျွမ်းပြန်ခဲ့လူမျိုးကြီး
အင်္ဂလန် ၊ ဂျပန် ၊မကျန်ပြင်သစ်
နယ်မြေစစ်တွက် တို့တွန်းလှန်ခဲ့။
တို့ဘိုးဘွား ဓါး နယ်ခြားတစ်လျောက် ဖိန့်ဖိန့်တောက်ခဲ့
မြန်မာ့မြေပုံပေါ်က အစက်လေး
ကြောက်သွေးပါရင်ပြန်ကြည့်သွား။
ကျွန်သဘေက်မြစ် ၊ မျိုးမစစ် ရိုဟင်ဂျာ
အဘိုးခေတ် ၊ အစဉ်လာကို ချိုးပြစ်တာရင်နာလှပေါ့ လေး။
မြန်မာလို့ ဟစ်ကြွေးရင်ဖြင့်
စစ်သွေးသံချင်းချင်း နီးပြီပေါ့
မြန်မာ့ မာန်တိုင် မယိုင်နဲ့စေဖို့
တို့သွေး ရခိုင် သားတွေအတွက်
ဓါးဆွဲလို့ထွက်။
ဂျိမ်းစ်ကြောင် (ဇာနည်![]()
|
|
comments (0)
|
အမေ ကျွန်တော့်ကိုထားခဲ့တယ်
နှုတ်ဆက်စကားတောင်မပြောခဲ့ဘူး
သံသရာကို ကျွန်တော်အကုန်မမြင်နိုင်တော့
ဘယ်ရောက်နေမှန်းမသိပါဘူး
အမေ ကျွန်တော်ဘ၀ မှာဘယ်လိုမှဖြေမရနိုင်ပါဘူး
သေခြင်းတရားကိုဘယ်သူမှမတားနိုင်ဘူးတဲ့
အမေ ကျွန်တော်တို့ တစ်နေရာမှာ ပြန်စုံနိုင်မှာပါ။
ငိုကြွေးခြင်းကင်းတဲ့၊ပူလောင်ခြင်းကင်းတဲ့၊ သေခြင်းခွဲခွာခြင်းတွေနဲ့ မနှိပ်စက်နိုင်တဲ့နေရာပေါ့။
ရောက်အောင်သွားခြင်တယ်အမေ အမေ အဲဒီလမ်းပေါ် လျှောက်နေရင် သံသရာတစ်ကွေ့မှာ သားကိုခေါ်ပါဗျာ။
သားအဲဒီလမ်းပေါ်လျှောက်နိုင်ခဲ့ရင် တော့ အမေ့ကိုရော ဝေးကွာခြင်းကြောင့် သောကရောက်ရတဲ့သူတွေကော
အကုန်ခေါ်သွားခြင်တယ် အမေ။
သားသစ္စာဆိုပါတယ်အမေ အမေ့ကိုသံသရာတစ်ကွေ့မှာပြန်တွေ့၇ပါစေလို့
ဒုက္ခ သစ္စာပါအမေ ................................................................
|
|
comments (0)
|
မွန်းကျပ်နေတဲ့အတွေးစိတ်များကပွင့်ထွက်ချင်လာပြီ။
အတွေးတွေကချာချာလည်မုံ့လုံးစက္ကူကပ် ဂျာအေးသူ့အမေရိုက်။
ကုန်းဘောင်ခောတ်နှောင်းမြန်မာနိုင်ငံ။
ယခုမြန်မာနိုင်ငံ။
အဖိုးတို့တာဝန်ကျေခဲ့သည်။ ငါတို့ကမဟာမိတ်တွေကိုတိုက်ခဲ့တာတဲ့။
ယခုတော...........................
သူတို့ကကယ်တင်ရှင်ကြီးလုပ်ဖို့လာပြောသည်။ ကျွန်တော်တို့ကျန်နေခဲ့တာ နှစ်ပါင်း နှစ်ဆယ်ကျော်။
သူ့မူလိုက်ရင်လုပ်ပေးမယ်တဲ့ ။ မူတွေက်ုကျွန်တော်တို့အရင်ထဲကမလုပ်နိုင်ခဲံ မကျေနပ်တာကအပေါ်အချင်း
သိမ်းကျုံးပြီးပိတ်ဆို့ခံရတာ ပြည်သူအားလုံး။ မူးယစ်ဆေးဝါး ၊ အေအိုင်ဒီအက် ၊ ပြည်ပအခွင့်အလမ်း ။
မိတ်အင်စင်ကပူ မြန်မာမလေးတွေ တစ်နေကုန်မတ်တက်ရပ်ပြီ စက်ရုံတွေမှာချုပ်ကြရသည်။
ပွဲစားက တရုပ် ၊ ကလား ။ လုပ်အားတွေပေါလိုက်သည့်ကျွန်တော်တို့နိုင်ငံ။ ခောတ်သစ်ရီစက်ရှင်း၏ သားကောင်များ။
နားလည်သူများပါမစ်ထုတ် အရှုပ်တွေကအချုပ်ထဲရောက် ၊ ကျွန်တော်တော်တော်မောလာပြီ။
ဂျာနယ်တွေမှာ အသံကောင်းဟစ် ကိုယ့်အခြေနေကိုယ်နားမည်ကြ။
|
|
comments (0)
|
လယ်ကွင်းတွေ ပတ်ခြာဝိုင်းနေတဲ့လယ်တောထဲကကျောင်းကလေးမှာ ကွန်ပျူတာအိပ်မက်မက်နေတာ
နှစ်နှစ် ရှိပါပြီ ...
““ ကျွန်တော်တို့ကျောင်းမှာ ကွန်ပျူတာ တစ်လုံးရှိဖို့ြုကိုးစားခဲ့တာ နှစ်နှစ်ရှိပါပြီ။ ပြီးခဲ့တဲ့နှစ်ကတော့
၂၅၀၀ ၀ပ် မီးစက်တစ်လုံး ၀ယ်နိုင်လိုက်ပါတယ်။ဒီနှစ် မိဘဆရာတွေရဲ့ ပဲ ပေါ်ရင် ကွန်ပျူတာတစ်လုံးဝယ်
နိုင်မယ်ထင်တာ။ခုတော့ ပဲဈေးက ကျနေပြန်တယ်””
၂၆-၈-၂၀၁၁ နေ့က အဲဒီကျောင်းလေးစာကြည့်တိုက်အတွက် စာအုပ်လေးတွေသွားလှူတဲံ့ကျွန်တော့်ကို
ကျောင်းအုပ်ဆရာကြီး ဦးစိုးမင်း က ရိုးရိုးသားသားပြောပြပါတယ်။
အဲဒီကျောင်းလေးက (ရန်ကုန်မြို့က ၁၀၂ မိုင်အကွာ ရန်ကုန်ပြည် လမ်းဘေး
ပဲခူးတိုင်းဒေသကြီး၊မင်းလှ
မြို့နယ်၊သရက်တပင်အထက်တန်းကျောင်းလေးဖြစ်ပါတယ်။
ကျောင်းလေးမှာက သရက်တပင်၊ဆင်ပချပ်၊ညောင်သုံးပင်၊လက်ဆက်၊ကိုင်းပြင်ကြီး၊စိန်ကန့်လန့်ပတ်
ဝန်းကျင်ရွာတွေက လယ်သမား၊ယာသမားသားသမီးတွေ ပညာသင်ယူနေကြတာမို့ ကွန်ပျူတာလှူနိုင်
စွမ်းတဲ့ သူ ပေါ်စရာမရှိပါဘူး။ဒါကြောင့် ကျောင်းလေးရဲ့ အိပ်မက် ရှည်နေရဦးတော့မှာပါ။
အမှန်တကယ် ရည်မှန်းချက် ပြင်းပြပြီး၊အမှန်တကယ် နွမ်းပါးနေတဲ့နေရာပါ။ စာနာသူ စေတနုာရှင်များ၈ ပညာဒါန အလှူပေးကြပါဦးဗျာ ...။ကိုယ်တိုင်သွားပြီး လှူကြရင် ပီတိကြီးကြီးရပါလိမ့်မယ်။ ရန်ကုန်မှာ ဆက်သွယ်ချင်တယ်ဆိုရင်တော့ ကျွန်တော် ဦးဇာနည်အောင် ၊အတွင်းရေးမှူး၊မှော်ဘီမြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဖုန်း-၆၂၀၄၃၉ ကိုဆက်သွယ်နိုင်ပါတယ် ။
|
|
comments (0)
|
မြန်မာဆိုလျှင်၊မြန်မာ့ညာဉ်သည်
သစ်ပင်ချစ်ကာ၊နေခဲ့ပါ၏
ရွာ`တမာကိုင်း´ ၊ ရွာ `ညောင်ဝိုင်း´ နှင့်
`ပဒိုင်းချုံ´ ရွာ၊ သညာတွင်မှတ်
အမြတ်တနိုး ၊ သစ်ပင်ကိုး၍
ခေါ်ရိုးရှိခဲ့ကြပါသည်။
တစ်ရွာ တစ်ကျေး ၊ မည်သို့ဝေးလည်း
တာ ဘေးဝဲယာ ၊`တမာ´ `ထနောင်း´
ရိပ်ပေါင်းယှက်ထိုး ၊ လမ်းကိုမိုးခဲ့။
ရွာအ၀င်လမ်း ၊` ကုက္ကိုလ်´ တန်းတို့
နွမ်းလျှင် ချွေးသိပ် ၊ `ညောင်မုတ်ဆိတ်´ လည်း
ရွာထိပ်ကကြို ၊ မြရိပ်ညိုခဲ့။
`မကျီး´ ရိပ်ကျယ် ၊ရွာအလယ်၌
`တယ်´ နှင့် `သရက်´ ၊ ကိုင်းခြင်းဆက်ကာ
ခက်ဖြာလှိုင်လှိုင် ၊ သီးနှင့်မြိုင်ခဲ့။
ရွာအရှေ့ဆီ ၊မွေသရီ တွင်
စေတီကျောင်းပါး ၊ `စကား´ `ခရေ´
ပွင့်ငွေ ထွေးထွေး ၊ သင်းပျံ့ မွှေးခဲ့။
ရွာအနောက်ကြော၊ ပြန့်တစ်ပြောလျှင်
`ထန်း´ တော ညိုညို ၊ ပင်ပျိုပင်ဟောင်း
ထပ်ပေါင်းရှင်လျှက် ၊ အစဉ်နက်ခဲ့။
တို့ဘိုးဘွားလျှင် ၊ မြန်မာ့ညာဉ်နှင့်
တစ်ပင်မတ် ဆူ ၊ တစ်တောထူလျှက်
ပူသူအိုက်သူ ၊ အေးစေဟူ၍
ဆာသူမွတ်သူ ၊ ကင်းစေဟူ၍
နွမ်းသူ ပန်းသူ ၊ လန်းစေဟူ၍
နှေင်းလူအများ ၊မေတ္တာပွားရန်
စိတ်ထားအမွေ ၊ တည်ရစ်ပေ၏။
ချစ်သည်သစ်ပင် ၊ မြန်မာ့ညာဉ်သည်
ယဉ်ကျေးမှုဖြစ်၊ဘိုးမွေစစ်တည့်
ဤချစ်စရာ ၊အစဉ်လာကို
ရင်မှာဦးခိုက် ၊ သစ်ပင်စိုက်စို့
ဟောင်း၌သစ္စာ ၊နှောင်းမေတ္တာနှင့်
ခေတ်ခါမျိုးဆက် တာဝန်ကျေ ။
သဘာဝသည် အဓွန့်ရှည် ။
ဘယာ ပ မည်`` မြန်မာ့မြေ´´။
|
|
comments (0)
|
လွင့်ပါးနေတဲ့ မိုးစက်မှုန်တွေဟာ နွေရာသီမှာ အဲယားကွန်းဖွင့်ထားသလို ပါးပြင်ကိုလာရောက်ရိုက်ခတ်တယ်။
မိုးစက်တွေစီးမြောလို့ လွင့်ပြန်လာတဲ့ မြေသင်းရနံ့ ဟာ နှာသီးဖျားကိုတိုးဝင်လာခဲ့တယ်။
ရေစိုနေတဲ့လှုပ်လီလှုပ်လဲ့ ကိုယ်လေးများဟာအမြင်အာရုံကို မထိမ်း နိုင်ခဲ့ဘူး။ ဖုန်ကင်းစင်လို့
သန့်ရှင်းသွားတဲ့ သစ်ရွက်လေးတွေဟာ စိမ်းမြမြနဲ့ ဘယ်တိမ်းညာယိမ်းနေတာ ပျော်ရွင်စွာကနေတဲ့သင်္ကြန်ယိမ်း ကို
ကြည့်နေရသလိုပါဘဲ။ ပျော်ရွင်မှုဟာစိမ့်ဝင်လာခဲ့တယ်။ အရင်ကဆို မြေသင်းရနံ့ရရင် ကျောင်းသွားဖို့လွယ်အိတ်ပြင်ပြီး
ကျောင်းအတန်းသစ်တက်ဖို့ပြင်နေမှာပါ။
အခုတော့လွန်းသလိုလို ဆွေးသလိုလို၊ အတွေးပိုနေမိပါတယ်။ ““အေးအိုအို နဲ့ တေးဆိုရမယ့် အရွယ်လည်း””
မဟုတ်တော့ ၊ ”ဂွေးတိုတိုနဲ့ ပြေးဆော့ရမယ့် အရွယ်လဲမဟုတ်””
ခြံထဲကအပင်တွေ ရေရတန်ကောင်းပါရဲ့ ။ မနှစ်က ဒီအချိန် မေလထဲမှာ အပူများတော့ ရေတွင်းတွေရေခမ်းကုန်တယ်။
|
|
comments (0)
|
3-5-2011 ဒီနေ့အပူချိန်တော်တော်များသည်ထင့်။အသားကိုမီးလောင်သလိုရှိသည်။
ခေါင်းမှသွေး တဒုတ်ဒုတ် ဆောင့်တက်၏။ နှစ်စဉ်အပူချိန်တွေတိုးလာပြီ။
ရေတွေခမ်းကုန်ပြီ။ ရေအရင်းမြစ်တွေပျောက်ကုန်ပြီ။ သစ်တောတွေပြုန်းတီးကုန်ပြီ။ တရိ စ္ဆာန်
မျိုးစိတ်တွေပျောက်ကုန်ပြီ။
လူသားမျိုးနွယ်တစ်ခုလုံးကို ချိန်းခြောက်လာပြီ။ ဘယ်သူ့ကြောင့်၊ဘာကြောင့်၊ဘယ်လိုကြောင့်၊
မမေးလေနှင့်၊ ကမ္ဘာကိုလူသားဗဟိုပြု၏။လူသားမျိုးနွယ်စု မရှိတော့သည့် အနှစ် (၂၀) ကြာတွင်
ကမ္ဘာကြီးသည်သဘာဝအတိုင်း ပြန်လည်ကောင်းမွန်မည်ဟုမျှော်လင့်ရသည်။
ပျမ်းမျှ အနှစ် (၇၀) သာနေထိုင်နိုင်သောလူများက သက်တမ်း (၁၀၀) ကျော်
ရှိသောအပင်များကိုခုတ်ပြစ်ခဲ့ကြသည်။
နှစ်သန်းပေါင်းများစွာ ဖြစ်တည်ခဲ့ရသော ရုပ်ကျွင်းလောင်စာများကို ဆယ်စုနှစ်တစ်စုနှစ်အတွင်း
အပြင်းအထန်တူးဖေါ်မီးရှို့ကြသည်။ လူတွေအသိဥာဏ်ကြွယ်ဝလာလေလေ
က မ္ဘာပျက်ဖို့နီးလာလေလေ ဖြစ်သည်။
ယခင်ကမျှားနှင့်သာပြစ်ပြီးလူသေအောင်ဖန်တီးနိုင်သောလူသားများသည်။
အသိဥာဏ်ကြွယ်ဝလာသည်နှင့်အမျှ ခလုပ်တစ်ချက် လက်ညှိုးတစ်ချက်ကွေးရုံနှင့်
လူသန်းပေါင်းများစွာ သေစေနိုင်သောအနုမြူ ဗုံးများကို ဖန်တီးထားကြ၏။
ကိုယ့်အိမ်ကိုယ်ဗုံးထောင်သည့် လူများပင်ဖြစ်သည်။ မိမိတို့ နိုင်ငံ ဂုဏ်သိက္ခာ ဟုဆိုကာ
သူတစ်ပါးအိမ်ကို ဗုံးကြဲ ၊ ချောင်းပြစ် ၊ပေါ်ပေါ်တင်တင် စော်ကားနေကြသည်။
ယဉ်ကျေးပါသည်ဆိုသည့် လူများ အုပ်စုဖွဲ့ ဗိုလ်ကြနေကြသည်။ ခံရသူများမှာလည်း
အံတကြိတ်ကြိတ်။
အချုပ်ဆိုကြပါဆို့ကမ္ဘာသည် ကျွန်ုပ်တို့၏အိမ်ဖြစ်သည်။လူသားအားလုံးသည်
အိမ်တစ်လုံးထဲမှမိသားစုများဖြစ်သည်။လူသားမျိုးနွယ်စုအရေးသည်မိသားစုအရေးဟုမြင်လျှင်။
အင်အားကြီးသောအစ်ကိုအစ်မများက အင်အားငယ်သောသူများကိုညှာတာထောက်ထားလျှင်၊
ယခုအသက်ရှင်နေထိုင်ကြသော လူများက နှောင်လာလျှင့်သောလူများအတွက် ကမ္ဘာ့
သံယံဇာတအမွေများကိုထားနိုင်ခဲ့လျှင်။ ကမ္ဘာမပျက်နိုင်သေးပါ။
ကိုယ့်အိမ်ကိုယ်မီးမရှို့ကြပါနဲ့၊ကိုယ့်အိမ်ကိုယ်ဗုံးမထောင်ကြပါနဲ့။
ကိုယ့်မိသားစုကိုယ်စိတ်နာအောင်မလုပ်ကြပါနဲ့။
ကိုယ့်သားကိုယ့်သမီးတွေကိုဘာမှမကျန်ခဲ့အောင်မလုပ်ကြပါနဲ့။ က မ္ဘာကြီးသာယာပါစေ။
အာဃာတတွေမထားကြပါနဲ့။
သူများတစ်ဖတ်သားသေကြေကြတာကိုဝမ်းမမြောက်ကြပါနဲ့ ။
ကိုယ်ကနိုင်ပြီဆိုပြီး လက်မ မထောင်ကြပါနဲ့။
လူသားပီသနိုင်ကြပါစေ။ အမိကမ္ဘာမြေကိုစောင့်ရှောက်နိုင်ကြပါစေ။
နောင်လာမည့်လူများအတွက် သန့်ရှင်းနေသောကမ္ဘာ၊ ကျမ်းမာတဲ့ ကမ္ဘာ၊
အဆိပ်အတောက်ကင်းတဲ့ကမ္ဘာ၊ ချစ်စရာမိသားစုတွေစုဖွဲ့နေတဲ့
ကမ္ဘာဖြစ်ပါစေကြောင်းဆန္ဒပြုလျှက်.......................................
|
|
comments (0)
|
3-5-2011 ဒီနေ့အပူချိန်တော်တော်များသည်ထင့်။အသားကိုမီးလောင်သလိုရှိသည်။
ခေါင်းမှသွေး တဒုတ်ဒုတ် ဆောင့်တက်၏။ နှစ်စဉ်အပူချိန်တွေတိုးလာပြီ။
ရေတွေခမ်းကုန်ပြီ။ ရေအရင်းမြစ်တွေပျောက်ကုန်ပြီ။ သစ်တောတွေပြုန်းတီးကုန်ပြီ။ တရိ စ္ဆာန်
မျိုးစိတ်တွေပျောက်ကုန်ပြီ။
လူသားမျိုးနွယ်တစ်ခုလုံးကို ချိန်းခြောက်လာပြီ။ ဘယ်သူ့ကြောင့်၊ဘာကြောင့်၊ဘယ်လိုကြောင့်၊
မမေးလေနှင့်၊ ကမ္ဘာကိုလူသားဗဟိုပြု၏။လူသားမျိုးနွယ်စု မရှိတော့သည့် အနှစ် (၂၀) ကြာတွင်
ကမ္ဘာကြီးသည်သဘာဝအတိုင်း ပြန်လည်ကောင်းမွန်မည်ဟုမျှော်လင့်ရသည်။
ပျမ်းမျှ အနှစ် (၇၀) သာနေထိုင်နိုင်သောလူများက သက်တမ်း (၁၀၀) ကျော်
ရှိသောအပင်များကိုခုတ်ပြစ်ခဲ့ကြသည်။
နှစ်သန်းပေါင်းများစွာ ဖြစ်တည်ခဲ့ရသော ရုပ်ကျွင်းလောင်စာများကို ဆယ်စုနှစ်တစ်စုနှစ်အတွင်း
အပြင်းအထန်တူးဖေါ်မီးရှို့ကြသည်။ လူတွေအသိဥာဏ်ကြွယ်ဝလာလေလေ
က မ္ဘာပျက်ဖို့နီးလာလေလေ ဖြစ်သည်။
ယခင်ကမျှားနှင့်သာပြစ်ပြီးလူသေအောင်ဖန်တီးနိုင်သောလူသားများသည်။
အသိဥာဏ်ကြွယ်ဝလာသည်နှင့်အမျှ ခလုပ်တစ်ချက် လက်ညှိုးတစ်ချက်ကွေးရုံနှင့်
လူသန်းပေါင်းများစွာ သေစေနိုင်သောအနုမြူ ဗုံးများကို ဖန်တီးထားကြ၏။
ကိုယ့်အိမ်ကိုယ်ဗုံးထောင်သည့် လူများပင်ဖြစ်သည်။ မိမိတို့ နိုင်ငံ ဂုဏ်သိက္ခာ ဟုဆိုကာ
သူတစ်ပါးအိမ်ကို ဗုံးကြဲ ၊ ချောင်းပြစ် ၊ပေါ်ပေါ်တင်တင် စော်ကားနေကြသည်။
ယဉ်ကျေးပါသည်ဆိုသည့် လူများ အုပ်စုဖွဲ့ ဗိုလ်ကြနေကြသည်။ ခံရသူများမှာလည်း
အံတကြိတ်ကြိတ်။
အချုပ်ဆိုကြပါဆို့ကမ္ဘာသည် ကျွန်ုပ်တို့၏အိမ်ဖြစ်သည်။လူသားအားလုံးသည်
အိမ်တစ်လုံးထဲမှမိသားစုများဖြစ်သည်။လူသားမျိုးနွယ်စုအရေးသည်မိသားစုအရေးဟုမြင်လျှင်။
အင်အားကြီးသောအစ်ကိုအစ်မများက အင်အားငယ်သောသူများကိုညှာတာထောက်ထားလျှင်၊
ယခုအသက်ရှင်နေထိုင်ကြသော လူများက နှောင်လာလျှင့်သောလူများအတွက် ကမ္ဘာ့
သံယံဇာတအမွေများကိုထားနိုင်ခဲ့လျှင်။ ကမ္ဘာမပျက်နိုင်သေးပါ။
ကိုယ့်အိမ်ကိုယ်မီးမရှို့ကြပါနဲ့၊ကိုယ့်အိမ်ကိုယ်ဗုံးမထောင်ကြပါနဲ့။
ကိုယ့်မိသားစုကိုယ်စိတ်နာအောင်မလုပ်ကြပါနဲ့။
ကိုယ့်သားကိုယ့်သမီးတွေကိုဘာမှမကျန်ခဲ့အောင်မလုပ်ကြပါနဲ့။ က မ္ဘာကြီးသာယာပါစေ။
အာဃာတတွေမထားကြပါနဲ့။
သူများတစ်ဖတ်သားသေကြေကြတာကိုဝမ်းမမြောက်ကြပါနဲ့ ။
ကိုယ်ကနိုင်ပြီဆိုပြီး လက်မ မထောင်ကြပါနဲ့။
လူသားပီသနိုင်ကြပါစေ။ အမိကမ္ဘာမြေကိုစောင့်ရှောက်နိုင်ကြပါစေ။
နောင်လာမည့်လူများအတွက် သန့်ရှင်းနေသောကမ္ဘာ၊ ကျမ်းမာတဲ့ ကမ္ဘာ၊
အဆိပ်အတောက်ကင်းတဲ့ကမ္ဘာ၊ ချစ်စရာမိသားစုတွေစုဖွဲ့နေတဲ့
ကမ္ဘာဖြစ်ပါစေကြောင်းဆန္ဒပြုလျှက်.......................................
|
|
comments (0)
|
( 29-4-2011) ဒီနေ့တော့ အီဖေကိုရဲ့ မင်္ဂလာသက်တမ်း (၁၀) နှစ်ပြည့်တဲ့နေ့ပေါ့။ သူများတွေဆို သစ်သားရတုဆိုလားဘာဆိုလား
လုပ်ကြမှာလေ။ ကျွန်တော့် အဖို့ သစ်မပြောနဲ့ အရာရာဈေးကြီးနေတဲ့ခေတ်မှာ ဘာမှမလုပ်နိုင်တော့။ ရင်ဂို ရဲ့ သီချင်းကိုဘဲ
ထပ်ခါထပ်ခါဆိုနေမိတယ်။ ““““ လိုက်ဆိုကြပါ ””””” ကံကောင်းခြင်းဆတွကိုလဲယူပါမေ ။ကလေးနှစ်ယောက်ကိုလည်းယူပါမေ။
ကိုယ့်ကြွေးတွေလဲယူပါမေ။ နောက်ကလေးတွေလဲယူပါမေ။ ””””သန်.ခယူး ”” ---------””မင်္ဂလာပါ ပါပါပါပါပါပပ------------
အသံတောင်မထွက်နိုင်တော့ဘူး ဟဲ့ကလေးတွေ ငါ စာမတင်ရသေးဘူး မလုပ်နဲ့ဟ ။ ဘယ်မျောက်------နဲ့ စပ်ကျထားတဲ့ဟာတွေလဲ
မင်္ဂလာနှောင်း (၁၀) နှစ်ပြည့်သံစဉ်တွေ ဆက်ထွက်လာပါတော့တယ်ခင်ဗျား။-------------
ဂျိမ်းစ်ကြောင်
|
|
comments (0)
|
ဒီကနေ့ ကျွန်တော့်ဆီကို သူငယ်ချင်း သိုင်းညီထက်လာလယ်တယ်။ အလုပ်ပြောင်းလုပ်ချင်လို့တဲ့။ နိုင်ငံခြားထွက်မလို့တဲ့။
လက္ခဏာ ကြည့်ခိုင်းတယ်။ ကြည့်ပေးတော့ အသက်လမ်းကြောင်းက ပျတ်လို့ (၃၈) နှစ်မှာပြနေတယ်။
ကျွန်တော်က ““မင်းအတွက်အချိန်သိပ်မကျန်တော့ဘူးလို့ပြောတော့”” သူကပြောတယ်ငါဘာလုပ်ရမလဲတဲ့ သံဝေဂရဖွယ်ရာပါဗျာ။
ကျွန်တော်တွှိုအသက်လမ်းကြောင်းတိုတို ရှည်ရှည် သေဖို့ကိုတော့မေ့ထားကြတယ်မဟုတ်လား။
အစမ်းသေကြည့်ကြစမ်းပါဗျာ။ စေတနာနဲ့ပြောတာ စိတ်မဆိုးကြေး။ မေးခွန်းတွေအများကြီးပေါ်လာတယ်။
(၁) ဘာတွေလုပ်ခဲ့ပြီးပြီလဲ
(၂) ဘာတွေရခဲ့သလဲ
(၃) ဘယ်ကိုဆက်သွားရမှာလဲ
(၄) ဘာတွေကိုယ့်အတွက်ပါမလဲပေါ့ ““ လဲ””ပေါင်းများစွာနဲ့တွေဝေနတဲ့ကျွန်တော် တို့
သေချာတာတစ်ခုကတော့ ဘာမှမပြင်ဆင်ရသေးဘူးဆိုတာပါဘဲ။ မသေခြာတဲ့ ဘ၀ မှာသေခြာတာကတော့
သေရမှာပါပဲ။ ဒါဆိုရင် လုပ်စရာနှစ်ခုပဲတွေ့တယ် ။လူတွေကလည်းအဲဒီနှစ်ခုကိုပဲ နေ့စဉ်လုပ်နေကြတယ်ဗျ။
အဲဒါ ““ ကုသိုလ် ”” နဲ့ ““ အကုသိုလ်”” ပဲ မဟုတ်လားဗျာ။
“ကုသိုလ်”” ကတော့ မိမိကို တာဝန်ယူပြီး
““အကုသိုလ်”” ကတော့မိမိက တာဝန်ယူရမှာ နော ရင်းစားကြီးတယ်ဗျာ။
သံဝေဂ ရစရာပါ။ သံဝေဂ မှာ နောင်တတော့ မရစေနဲ့ဗျာ။
|
|
comments (0)
|
(27-4-2011) နေ့ လေ ထီးလမ်းမှာ ဗီဒီယိုသွားရိုက်ရတယ်။
စပယ်ခြံဆရာတော် ဟောတဲ့တရားထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ တရားပါတယ်။
ကျွန်တော်တို့ ယောက်င်္ကျားလေးတွေအတွက်တော့မဟုတ်ဘူး။ မိန်းကလေးတေ့အတွက်ဗျ ။
အချက်က (၄) ချက်။
(၁) ။ မိန်းကလေးဘက်က ဥစ္စာပစ္စည်းပေါတာ။
(၂) ။ မိန်းကလေးဘက်ကဆွေမျိုးပေါတာ။
(၃) ။ မိန်းကလေးက သီလပိုကောင်းတာ။
(၄) ။ မိန်းကလေးက ပညာပိုတတ်တာ တဲ့ ဗျ။
ကဲကိုယ့်လူတို့ကိုယ်ကကနိုင်ပေးချင်ရင် အဲဒါတွေကိုရှာ ကိုယ်ကအရှုံးမပေးချင်ဘူးဆိုရင် အဲဒါတွေကို ရှောင်ပေါ့ဗျ။
|
|
comments (0)
|
မနေ့ကမေးထဲမှာ ငရဲပြည်ကအသံ ဆိုတာ forward ရောက်လာတယ်။
သနားစရာကောင်းသလို ထိန့်လန့် သံဝေဂရဖွယ်ရာကောင်းတယ်။
(26-4-2010)
|
|
comments (0)
|
ကျွန်တော်တို့အဖွဲ့ ဒီနေ့ မှော်ဘီ၊ရေတွင်းကုန်း မှာ မင်္ဂလာဆောင်ရိုက်ဖြစ်ကြတယ်။ နွေနေပူအောက်မှာ ပျောရွင်နေသူတွေရဲ့
အပြုံးမျက်နှာတွေနဲ့ အပျော်တွေကူးစက်မိတယ်၊ ရိုးသားတဲ့မြန်မာလူမျိုးဖြစ်ရတာဂုဏ်ယူမိပါတယ်။ ဒန်ပေါက်ကျွေးတယ်ဗျ။
ပူလိုက်တာဗျာ မဏ္ဍပ်ထိုးထားတာအပေါ်က တာပေါ်လင်စမိုးထားတာဆိုတော့။ နေပူတာကိုမှုပုံမပေါ်ဘူးဗျ။
ဒန်ပေါက်တွေလွေးကြနေပူထဲပြန်သွားကြနဲ့ ။ ကျွန်တော်တော့မနက်စောစောဘုန်းကြီးပွဲ ပြီးအ၀ကြိတ်လိုက်တာ
။ရင်ထဲမှာတောင့်တက်လာပြီးတော်တော်မအီမသာခံစားရတယ်ဗျာ။ အဲဒါနဲ့ စပါကလင်သောက်ရင်လေကြေလို့ လိုက်ရှာတာ
မြို့ချောင်းတာဆုံ ထိသွားသောက်ရတယ်။ တစိကျိုက်နှစ်ကျိုက်လောက်သောက်မှလေကျင်တက်လာပြီးနေသာထိုင်သာရှိသွားတယ်
|
|
comments (0)
|
* လမ်းဟူသည်ကား ၊ခရီးသွားဟု
အများပြောလေ့ရှိပါသည်။
* အမိဝမ်းမှ ၊ သြကာသဆီ
ရုန်းထတိုးဝင် ၊ ဖွားသန့်စင်သည့်
ထိုဘ၀တွင် ခရီးစသည်။
* ထုံးတစ်ဘ၀ ၊ ဆုံးကာလကား
သေရခြင်းမှာ ၊ ခရီးတာဟု
ဓမ္မာ သတိ လူတိုင်းရှိသည်။
* မွေးသည် သေသည် ၊ ခရီးရှည်က
တူညီပါလည်း ၊ မတူဘဲလျှင်
ကွဲပြားရအောင် ၊ ကံကဆောင်၏
“မှောင်ခြင်း”တချို့၊ “လင်း”တချို့ နှင့်
တချို့“သုခ” ၊ချို့ “ဒုက္ခ” နှင့်
လမ်းကမတူကြပါပြီ။
* မတူသည့်လမ်း ၊ ဖြောင့်မတန်းပါ
“အကြမ်း” “အနု” ၊ “မြင့်” “နိမ့်” မှုနှင့်
“ပူ“ မှု “အေး” မှု ၊ တစ်ခုခုကို
မှုချကြုံမည် ခရီးသည်။
* အို......ခရီးသည်
သည်ခရီးလမ်း ၊ “ကြမ်း“ ချိန် “ပူ“ ချိန်
“နိမ့်ပါး“ ချိန်လည်း ။ တစ်ချိန်ရှိမည်
သေချာသည်တည့် ၊ “ချော“ သည် “အေး” သည်
“မြင့်မား” သည်လည်း ၊ တစ်လီ ရှိမှာ
ဓမ္မတာ တည့် ၊ ဘာနှင့်ကြုံကြုံ
သင်မဖြုံ နှင့် ၊ ဆူကြုံဘဝ
လူဖြစ်ရသည့် ၊ မူလကြောင်းရင်း
နှလုံးသွင်းကာ ၊ အားတင်း ကျော်လျှက်
ခရီးဆက်ပါ
သင့်တွက်ရှေ့မှာ ၊ လမ်းရှိသည်။
|
|
comments (0)
|
* ကျွန့် အိမ်ရှေ့တွင် ၊နံနက်စဉ်တိုင်း သစ်လွင်သပ်ရပ် ၊ဖြူကင်းဘတ်နှင့်
လတ်ဆတ်ရွှင်လန်း၊မူယာချမ်းမြေ့
နေစဉ်တွေ့သည်၊တွေ့က “မင်္ဂလာပါ”
နှုတ်ဆက်ပါရိုး တစ်ယောက်အဖိုး။
* ကျွန့်အိမ်ရှေ့တါင်၊နေတက်စဉ်တိုင်း
ဆံပင်ဖြူကြမ်း၊မျက်ဝန်းနွမ်းနှင့်
တုတ်ထမ်းထုပ်ပွေ့၊နေ့စဉ်တွေ့သည်
တွေ့က လျှင်လျှင်
“ထီးကိုပြင်မလား”၊ “ ဂက်စ် ထည့်မလား” ဟု
မေးသွားပါရိုး တစ်ယောက်အဖိုး။
* အဖိုးနှစ်ဝ၊အတွေးစတွင်
ပထမအဖိုး၊ကျွန်မြတ်နိုးမိ
အဖိုးခြေသံ၊စည်းချက်မှန်ကို
ဖန်ဖန်ကြားရ၊ဖိုးဘ၀ကား
“သောကကင်းဘိ၊အေးချမ်းဘိ” ဟု
သိလိုစိတ်ဖြင့်မေးမိသည်။
* ဖိုးအဖြေမှာ၊ရှင်းလှပါသည်
“ငယ်ခါဘသ၊ဒုက္ခကိုခံ
သည်းညည်းခံလျက်၊ခံရသည်များ
ရင်းနှီးထား၍၊ကျော်လွှားမှသာ
ဇရာဘ၀၊အနားရလိမ့်
ငယ်ကပင်လျှင်၊ကြီးမျှော်မြင်၍
အင်အားရှိတုန်း၊သားတို့ရုန်းပါ
နိဂုံးအေးချမ်းပါလိမ့်မည်” ဟု။
* အဖိုးအရွယ်၊အဖိုးနယ်လျှင်
တင့်တယ်ရွှင်ပျ၊ကင်းသောကနှင့်
လှပ သပ်ရပ်၊လတ်ဆတ်လန်းဆန်း
မူယာချမ်းမြေ့၊လျှောက်လှမ်းမွေ့ရန်
အဖိုးတန်သည့်၊စံပြုစကား
ရင်မှာထား၍၊အားနှင့်ရုန်းမည်
သည်းခံမည်ဟု
ယခုဆုံးဖြတ်မိပါသည်။
|
|
comments (0)
|
* အိမ်ရှေ့ပန်းခြုံ ၊ ပျားတစ်အုံကို ကြုံစဉ်ခဏ ၊တွေးဝင်ရသည်။
* ပန်းရပ်မှာနေ ၊ပန်းရည်ကိုသောက်
ပန်းလောက်လှကြွယ်၊ပန်းတို့လယ်၌
ပန်းနယ်ရောင်သွေး ၊ပန်းသို့မွေးသည်
ပန်းတေး “တ၀ီဝီ“ ၊ ပန်းသည်သာ “ဘ၀”
ပန်းချစ်ကြသည့် ပန်းမျှသန့်သော ပျားလေးများ ။
* ပျားလေးများသည် ၊၀န်ကိုစီနှင့်
သယ်ချီ ဆန်စုန်၊ ၀တ်ရည်ငုံလျက်
သိုက်အုံတည်ထား ၊စဉ်ကြိုးစားသော
လုပ်သားပျားတို့ရှိပါသည်။
* နန်းစံထွဋ်မြတ် ၊စီမံအပ်သည့်
ဤရပ်သခင်၊သိုက်အုံရှင်တည့်
မိခင်တစ်ပါး ၊စောင့်ရှောက် ထားသည့်
ပျားဘုရင်မရှိပါသည်။
* သြော်......ကိုယ့်မြေကိုယ်တွယ်၊
ကိုယ့်နယ်ကိုယ်မှတ်၊သူ့ရပ်မကျူး
မကူးသူ့အုံ၊ သစ္စာခြုံသည်
ကိုယ့်မြုံပျော်မွေ့ ၊ပျားဓလေ့နှင့်။
* နေခြည်ရောက်ခါ၊ လင်းရောင်ဖြာမှ
ပြန်ကာ သွားကာ၊ သွားကာပြန်ကာ
ညီညာတေးဆို ၊ရိက္ခာသိုလျှက်
နေညိုသည့်တိုင်
မပန်းနိုင်ကြ ညီညွတ်စွနှင့်။
* ပန်းတို့သဏ္ဍာန်၊ ပန်းတို့ဟန်ဟု
မာန်ရှိမထင်၊ ကျူးခဲ့လျှင်မူ
သက်ပင်စွန့်ကာ
တိုက်ရဲပါဘိ စွမ်းသတ္တိနှင့်။
* အကောင်ငယ်လည်း ၊၀ိရိယဇွဲနှင့်
ခွဲထား ကိုယ့်ဝန် ၊ထမ်းကျေပွန်ကြ
မြတ်မွန်စိတ်ပွား၊ထက်အောက်ခြားကို
လေးစားတတ်ဘိ ၊သတ္တိရှိကြ
အထိမခံ၊ဇာတိမာန်နှင့်
တန်ပြန် တတ်ဘိ၊သတ္တိရှိကြ
ပျား၏နှလုံး၊ပျား၏ထုံးကို
တစ်ကုံးကဗျာ ၊ ဖွဲ့ဆိုပါသည်
ရင်မှာလေးစားမိသောကြောင့်။
|
|
comments (0)
|
* “ မေတ္တာ” ဆိုသည် ၊ ကမ်းရပြီကို
ကိုယ့်ဆီမခ ၊ ကိုယ်မရ၍
ကမ်းက မေတ္တာ ၊အရှုံးသာ ဟု
မေတ္တာ ကိုလျှင် အဆိုးမြင်၏။
* “ ဂရုဏာ ” ဆိုသည် ၊ပေးရပြီကို
မကြည်နွမ်းဆာ ၊ ကူးစက်ပါ၍
ကိုယ့်မှာပေးမျှ ၊ ကိုယ်နာရ ဟု
ဂရုဏာ ပင် အဆိုးမြင်၏ ။
* “ မုဒိတာ ” ဆိုသည် ၊စွန့်ရပြီကို
သူ့ဆီအောင်ပွဲ ၊ခြိမ့်ခြိမ့်သဲအား
မှီဝဲမရ ၊ကိုယ်နောက်ကျ ဟု
မုဒိတာပင် အဆိုးမြင်၏ ။
* “ ဥပက္ခာ ” ဆိုသည် ၊ထားရပြီကို
ဤမှာရှုံးနိုင်၊ မပေါ်နိုင်၍
အနိုင်မထွက် ၊ ကိုယ်သာခက်ဟု
ဥပက္ခာ ပင် အဆိုးမြင်၏။
* ဤဗြဟ္မစိုရ် ၊ စိတ်လေးထို ကို
အလိုမတူ ၊ဆိုးမြင်သူ က
လူတို့ခွါ လျှိုး ၊ထိုအကျိုးကို
အဆိုးထပ်၍ မြင်တကား ။
* ထိုသူကိုလျှင် ၊ အဆိုးမြင်သော်
သင်သာ အဆိုးဖြစ်တကား။
|
|
comments (0)
|
- ကိုယ့်ကိုကိုယ် ချစ်ရင်ဖြင့်
သစ်ပင်စိုက်ပါ။
သင်နေသောကမ္ဘာ
မကျန်းမာ အပူတက်တာကြောင့်
ပျက်စီးတော့မှာ။
- ကုစရာ
တစ်ခုသာကျန်သည့်ဆေး။
ကမ္ဘာအေးအောင်ပ
သင့်ဘေးမှာစိမ်းစိုရမည်ပေါ့
သင့်ဘေးမှာ ချမ်းမြရမည်ပေါ့
မှန်းဆကာ မျိုးကိုပိုက်
သစ်ပင်စိုက်ပေး။